နနွင်းစိုက်ပျိုးနည်း ( #Turmeric)
နနွင်းစိုက်ပျိုးနည်း
အင်္ဂလိပ်အမည် - Turmeric
ရုက္ခဗေဒအမည် - Curcuma Longa
မျိုးရင်း - zingiberaceae
စိုက်ပျိုးခြင်း
နနွင်းကို
တောင်ပေါ်ဒေသရော၊
မြေပြန့်ဒေသပါစိုက်ပျိုးကြသည်။ တောင်ပေါ် တွင် မိုးဦးကျ၌
စိုက်ပျိုးပြီး
မြေပြန့်၌နွေရာသီတွင် ဆည်ရေရရှိချိန်၌စိုက်ပျိုးကြသည်။
နနွင်းစိုက်ပျိုးမည်ဆိုပါက ဦ:စွာအလျားပေ(၃၀)၊အနံ(၃)ပေ၊ အမြင့်(၉)လက်
မခန့်ရှိသော
စိုက်ဘောင်များဖေါ်ရသည်။ ဘောင်ပေါ်တွင် စိုက်မြောင်းကလေးများကို
တစ်မြောင်းနှင့်တစ်မြောင်း(၁)ပေခန့်ခြားလျက်
ကန်လန့်ဖေါ်ရသည်။
နနွင်းခေါင်းကို
ဖြစ်စေ၊
အတက်များကိုဖြစ်စေ
ကြီးလျှင်ခွဲ၍
မြောင်းငယ်ကလေးများထဲတွင် တစ်ခုနှင့် တစ်ခု(၅-၆)လက်မခြားပြီး
စိုက်ရသည်။
ထို့နောက်
မြောင်းငယ်ကလေးပေါ်သို့ မြေမှုန့် အနည်းငယ်ဖြူးချရသည်။
စိုက်ပြီးသောအခါစိုက်ခင်းကို ရေသွင်းပေးရသည်။ စိုက်ပြီး(၇)လကြာသော
အခါနနွင်းတက်များတူးဖေါ်နိုင်သည်။ ကြားကာလ၌ မြေအစိုဓါတ်ကိုကြည့်၍
လိုအပ်
သလိုရေ
တစ်ကြိမ်နှစ်ကြိမ်သွင်းပေးရန်လိုအပ်သည်။ ရေသွင်းရာ၌ စိုက်ဘောင်များမြုပ်
အောင်မသွင်းရချေ။
စိုက်ပြီး(၇)လခန့်ကြာသောအခါ
နနွင်းရွက်များဝါ၍လာသည်။ ထိုအခါထယ် ထိုး၍ဖြစ်စေ ပေါက်ပြားဖြင့်ဖြစ်စေ နနွင်းတက်များဖေါ်နိုင်သည်။
ဦးကျော်ကျော် (B.Agr.Sc)
Comments
Post a Comment