#ကောက်ရိုးမှို မျိုးထုတ်လုပ်နည်း ( #StrawMushroomSpawnProduction) #မိခင်မှိုမျိုးသန့် မွေးမြူခြင်း ( #Mother Culture) #မှိုမာစတာ မှိုမျိုးသန့်
#ကောက်ရိုးမှို မျိုးထုတ်လုပ်နည်း ( #StrawMushroomSpawnProduction)
မိခင်မှိုမျိုးသန့် မွေးမြူခြင်း (Mother Culture)
(၁) မှိုမျိုးမှုံမှမွေးမြူခြင်း Spore Culture
(သုတေသနနှင့်ဓာတ်ခွဲခန်း၌သာသုံး)
(၂) မှိုအသားစမှမွေးမြူခြင်း Tissue Culture (အောင်မြင်မှုများ၊ စီးပွား
ဖြစ်သုံး)
အာဟာရပြင်ဆင်ခြင်းနှင့် ပေါင်းတင်ပိုးသန့်စင်ခြင်း
- အာလူး ၂၀၀ ဂရမ်၊ ဂလူးကို့စ်၂၀ ဂရမ်၊ ကျောက်ကျော ၂၀ ဂရမ်၊ ပေါင်းခံရေ ၁၀၀၀ စီစီဖြင့် PDA Media ပြင်ဆင်။
ပြုလုပ်ပုံ
- အာလူး ၂၀၀ ဂရမ်ကို ရေ ၁၀၀၀ စီစီဖြင့် နူးသည်ထိ ပြုတ်ပါ။
- အာလူးပြုတ်ရည်ကို စစ်ယူ၍ ကျောက်ကျော ၂၀ ဂရမ်၊ ဂလူးကို့စ် ၂၀ ဂရမ်၊ တို့ဖြင့် ရေမကျန်အောင် ကျိုပါ။
- သန့်စင်သော ဖန်ပြွန်/အဖြူရောင်ပုလင်းငယ်တွင် ၁/၃ ခန့် ထည့်၍ ဂွမ်းဆို့ပါ။
- စက္ကူအုပ်၍ သားရေကွင်းစည်းကာ ပေါင်းအိုးတွင်ထည့်ပါ။
မျိုးကူးမှန်ခန်းငယ်(Culture Chamber) ပြင်ဆင်ခြင်း
လေလုံပိုးသန့်မှန်ခန်းငယ်အတွက်လိုအပ်သော ပစ္စည်းများမှာ -
- ၉၀% အရက်ပြန်
- ဂွမ်း
- အရက်ပျံမီးခွက်
- ပန်းကန်ပြား Petridish (ပိုးသန့်သော အခြေအနေ)
- မျိုးကူးအပ်
- လက်ကိုင်ပါ
- ထိပ်ချွန်ဓား
- ခွဲစိတ်ကတ်ကြေးငယ်
မျိုးကူးမှန်ခန်းငယ်အတွင်းအရက်ပြန် ဖြင့်ကြိုတင်သန့်ရှင်းခြင်း/ ခရမ်းလွန်ရောင်ခြည်မီးချောင်း မိနစ် ၃၀ ကြာထွန်းထား ပြီးနောက် ၁- ၁ ၁/၂ နာရီခန့်ကြာလျှင်မှိုအသားစယူနိုင်။
မှိုပွင့်ရွေးချယ်ခြင်းနှင့် မျိုးကူးခြင်း
- အထွက်ကောင်းမျိုး၊ ပုံသဏ္ဌာန်မှန်သော ရောဂါကင်းအထုပ်မှ မျိုးမှိုပွင့်ရွေး၊
- ကောက်ရိုး၊ ငွေနှင်း/ငွေမိုး၊ နို့စိမ်းမှို၊ ရှီတာကီ၊ မျောက်ခေါင်းမှို၊ ကြယ်သီးမှို၊ ရွှေအပ်မှို၊- မှိုငုံ/မှိုပွင့်ကို ဒေါင်လိုက်ခွဲ၊ ပြင်ပဧရိယာနှင့် မထိစပ်သော မှိုထီးရွက်နှင့် မှိုရိုးတံ ထိစပ်သည့် နေရာမှ မှိုအသားစ ၁/၂ စင်တီပတ်လည်ခန့် ဓားဖြင့်ယူ၍ အာဟာရပြင်ပုလင်းထဲသို့ ထည့်ရမည်။
- ကြွက်နားရွက် - ဘေးပတ်လည်အနားကို ကတ်ကြေးဖြင့်ညှပ်၊ အလွှာ နှစ်လွှာကို လက်ဖြင့်ခွာ၍ အတွင်းသား Jelly စ ကို ခြစ်ယူပါ။
- လင်ဇီးမှို ပွင့်အနားသား မရင့်ခင် အဖြူနှင့်အဝါအရစ် ထိစပ်သည့် နေရာမှ အသားစကိုယူပါ၊ (လုပ်ငန်းစဉ်အားလုံး အရက်ပျံမီးတောက်ပေါ်၌သာ လုပ်ဆောင် ရမည်။)
- မျိုးကူးပြီးပုလင်းများကို အပူချိန်အမြင့်ဆုံး ၂၅-၃၀ ºC ရှိသော အလင်းနည်း သောအခန်းတွင် ထားရမည်။
- ၃-၅ ရက်အတွင်း မှိုမျှင်စဖွာ၊ ၂ ပတ်အတွင်း မှိုမျှင်ပြည့်၊ မှိုမျှင်ပြည့်ပြီး ၂-၃ ပတ်အတွင်း သုံးနိုင်၊ ရင့်သွားလျှင် ဆက်မသုံး၊ မျိုးအရည်အသွေးကျဆင်း ခြင်း(Degenerate) ဖြစ်နိုင်။
Comments
Post a Comment