ကွမ်းစားဂမုန်း (#Kaempferia Linnaeus)

 

ကွမ်းစားဂမုန်း

အင်္ဂလိပ်အမည်                 -           Kaempferia Linnaeus

ရုက္ခဗေဒအမည်                 -           Kaemferia Galanga Wall

မျိုးရင်း                           -           zingiberaceae

စိုက်ပျိုးခြင်း

            ဂမုန်းကွမ်းစားကို တောင်ပေါ်ဒေသ၊မြေပြန့်ဒေသပါစိုက်ပျိုးကြသည်။ တောင် ပေါ်တွင် မိုးဦးကျ၌စိုက်ပျိုးခြင်း၊ မြေပြန့်၌နွေရာသီတွင် ဆည်ရေရရှိချိန်၌ စိုက်ပျိုးကြ သည်။

            ဂမုန်းကွမ်းစားစိုက်မည့်မြေတွင် နွားချေးလှည်းငါးစီးခန့်ချပြီးနောက် ထယ် ထိုးထွန်မွှေရသည်။ ထွန်ရေးညက်သောအခါ အလျားပေ(၃၀) အနံ()ပေ၊ အမြင့်() လက်မခန့်ရှိသော စိုက်ဘောင်များဖော်ရသည်။

            ဘောင်ပေါ်တွင် စိုက်မြောင်းကလေးများကို တစ်မြောင်းနှင့်တစ်မြောင်း တစ် ပေခန့်ခြားလျှက် ကန့်လန့်ဖော်ရသည်။ ဂမုန်းခေါင်းကိုဖြစ်စေ ဂမုန်းအတက်များကိုဖြစ် စေ ကြီးလျှင်ခွဲ၍ မြောင်းငယ်ကလေးများထဲတွင် တစ်ခုနှင့်တစ်ခု()လက်မ()လက်မ ခြားပြီး စိုက်ရသည်။ ထို့နောက် မြောင်းငယ်ကလေးများအပေါ်သို့ မြေမှုန့်အနည်းငယ် ဖြူးချရသည်။

            စိုက်ပြီးသောအခါ စိုက်ခင်းကိုရေသွင်းပေးရသည်။ စိုက်ပြီးခုနှစ်လကြာသော အခါဂမုန်းတက်များကို ဖော်နိုင်သည်။ ကြားကာလ၌ မြေအစိုဓာတ်ကိုကြည့်၍ လိုအပ် သလို ရေတစ်ကြိမ်နှစ်ကြိမ်သွင်းပေးရန်လိုသည်။ ရေသွင်းရာ၌ စိုက်ဘောင်များမြှုပ် အောင် မသွင်းရချေ။

            စိုက်ပြီး ခုနှစ်လကြာသောအခါ ဂမုန်းရွက်များဝါလာသည်။ ထိုအခါထယ်ထိုး ၍ဖြစ်စေ၊ ပေါက်ပြားဖြင့်ဖြစ်စေ ဂမုန်းတက်များ တူးဖော်နိုင်သည်။

ဦးကျော်ကျော်(B.Agr.Sc)

Comments

Popular posts from this blog

#ကောက်ရိုးမှို မျိုးထုတ်လုပ်နည်း ( #StrawMushroomSpawnProduction) #မိခင်မှိုမျိုးသန့် မွေးမြူခြင်း ( #Mother Culture) #မှိုမာစတာ မှိုမျိုးသန့်

စပါးစံကွက်ရိတ်သိမ်းခြင်း (၆.၆ ပေ × ၆.၆ ပေ စံကွက်ရိတ်သိမ်းတွက်ချက်ခြင်း)

နနွင်းစိုက်ပျိုးနည်း ( #Turmeric)